Sunday, October 19, 2014

မတော်လို့ညံ့တာမဟုတ်ပါဘူး

တစ်ချို့က တကယ်ကြိုးစား ကြတယ်။ သို့သော် သူတို့၏ ဘဝပေး ကုသိုလ် ကံကြောင့် အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မလာ ကြပါဘူး။ သူတို့ ထိပ်ဆုံးသို့ မရောက်ခဲ့ပေမယ့် အလယ်အလတ် မကအောင် ရောက်ရှိ ခဲ့ကြတယ်။ သူတို့ဟာ မကြိုးစားလို့ ညံ့တာ မဟုတ်ဘူး။ သူတို့ဟာ မတော်လို့ ညံ့နေ တာလည်း မဟုတ်ဘူး။ ထိုသူတို့ရဲ့ အားနည်းချက်တွေကို ဖေးမကူညီ ရိုင်းပင် ဆွဲတင် ပေးပါ။ သူတို့ဟာ ညံ့ဖျင်းသူတွေလို့ သတ်မှတ် ခံထားရတဲ့ အတွက်ကြောင့် ဘေးဖယ်ခြင်းကို ခံနေရတယ်။ သင့်ရဲ့ သူငယ်ချင်းတွေထဲမှာ ကြိုးစားပြီး ညံ့နေတဲ့ သူတွေကို တွေ့ရင် ဖေးမကူညီ ဖြစ်ပါစေ။ ထိုသူတို့သည်က တကယ်လေးစား ထိုက်သော ကြိုးစားသူတွေထဲက လူတစ်မျိုးသာ ဖြစ်ပါတယ်။

No comments:

Post a Comment