Tuesday, October 21, 2014

Facebook accountလိုအပ်သူများအတွက်

Facebook accountလိုချင်သူများအောက်ပါပုဂ္ဂိုလ်များထံတွင်
စုံစမ်းမေးမြန်းနိုင်ပါသည်။lockကျသွားပါကအသစ်ပြန်လုပ်ပေး
သည်။
ကိုအောင်မြင့်မြတ်(0932063796)
ကိုကျော်ဇင်လင်း(0933661315)
ကိုနေဝိုင်းချစ်(09259420023)
Facebookဖြင့်ဆက်သွယ်လိုပါက
Feedom Lawgyi
Kyaw Zin Linn
Jong Mee

Monday, October 20, 2014

ဥပက္ခာ

အ မေက အ ဖေ ထက် ပိုပို ချစ်တတ်တာ မှန်ပါလိမ့်မယ် ဒါပေမဲ့ ခိုးခိုး ချစ်တတ်တဲ့ အ ဖေ့ အချစ်တွေကိုလည်း ဥပေက္ခာ ပြုထားလို့ မဖြစ်ဘူးလေ ပိုပို ချစ်တတ်တဲ့ အ မေ့ကို ကျွန်တော်တို့ချစ်သလိုမျိုး ခိုးခိုး ချစ်တတ်တဲ့ အ ဖေကလည်း ကျွန်တော်တို့ဆီက မေတ္တာတရားကို ခိုးခိုး ပြီး မျှော်လင့်နေတယ်ဆိုတာ မ မေ့ကြပါနဲ့ဗျာ တကယ်တော့ အိမ်ထောင် ဦးစီးဖြစ်တဲ့ အ ဖေဟာ အရမ်းချစ်တတ်လွန်းတဲ့ သံမဏိ နှလုံးသား ပိုင် ရှင်တွေပါ

ဥပက္ခာ

အ မေက အ ဖေ ထက် ပိုပို ချစ်တတ်တာ မှန်ပါလိမ့်မယ် ဒါပေမဲ့ ခိုးခိုး ချစ်တတ်တဲ့ အ ဖေ့ အချစ်တွေကိုလည်း ဥပေက္ခာ ပြုထားလို့ မဖြစ်ဘူးလေ ပိုပို ချစ်တတ်တဲ့ အ မေ့ကို ကျွန်တော်တို့ချစ်သလိုမျိုး ခိုးခိုး ချစ်တတ်တဲ့ အ ဖေကလည်း ကျွန်တော်တို့ဆီက မေတ္တာတရားကို ခိုးခိုး ပြီး မျှော်လင့်နေတယ်ဆိုတာ မ မေ့ကြပါနဲ့ဗျာ တကယ်တော့ အိမ်ထောင် ဦးစီးဖြစ်တဲ့ အ ဖေဟာ အရမ်းချစ်တတ်လွန်းတဲ့ သံမဏိ နှလုံးသား ပိုင် ရှင်တွေပါ

ဥပက္ခာ

အ မေက အ ဖေ ထက် ပိုပို ချစ်တတ်တာ မှန်ပါလိမ့်မယ် ဒါပေမဲ့ ခိုးခိုး ချစ်တတ်တဲ့ အ ဖေ့ အချစ်တွေကိုလည်း ဥပေက္ခာ ပြုထားလို့ မဖြစ်ဘူးလေ ပိုပို ချစ်တတ်တဲ့ အ မေ့ကို ကျွန်တော်တို့ချစ်သလိုမျိုး ခိုးခိုး ချစ်တတ်တဲ့ အ ဖေကလည်း ကျွန်တော်တို့ဆီက မေတ္တာတရားကို ခိုးခိုး ပြီး မျှော်လင့်နေတယ်ဆိုတာ မ မေ့ကြပါနဲ့ဗျာ တကယ်တော့ အိမ်ထောင် ဦးစီးဖြစ်တဲ့ အ ဖေဟာ အရမ်းချစ်တတ်လွန်းတဲ့ သံမဏိ နှလုံးသား ပိုင် ရှင်တွေပါ

ခေါင်းဆောင်

" ဆရာ ခေါင်းဆောင်ဆိုတာ ဘာလဲဗျာ" " မင်း သန်းရွှေ ကို သိလား" "သိပါတယ်" "ခင်ညွန့် ကိုရော" "သိပါတယ်ဆရာ" "နေ၀င်း ကို သိလား" "သိတယ်"  "အောင်ဆန်း ကိုရော သိလား" " ဟာ ဆရာ အဲ့လို မခေါ်ပါနဲ့ ဗိုလ်ချုပ်လေး ထည့်ခေါ်ပါ " "အေးးး အဲ့တာပဲကွ ခေါင်းဆောင်ဆိုတာ"

Sunday, October 19, 2014

မတော်လို့ညံ့တာမဟုတ်ပါဘူး

တစ်ချို့က တကယ်ကြိုးစား ကြတယ်။ သို့သော် သူတို့၏ ဘဝပေး ကုသိုလ် ကံကြောင့် အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မလာ ကြပါဘူး။ သူတို့ ထိပ်ဆုံးသို့ မရောက်ခဲ့ပေမယ့် အလယ်အလတ် မကအောင် ရောက်ရှိ ခဲ့ကြတယ်။ သူတို့ဟာ မကြိုးစားလို့ ညံ့တာ မဟုတ်ဘူး။ သူတို့ဟာ မတော်လို့ ညံ့နေ တာလည်း မဟုတ်ဘူး။ ထိုသူတို့ရဲ့ အားနည်းချက်တွေကို ဖေးမကူညီ ရိုင်းပင် ဆွဲတင် ပေးပါ။ သူတို့ဟာ ညံ့ဖျင်းသူတွေလို့ သတ်မှတ် ခံထားရတဲ့ အတွက်ကြောင့် ဘေးဖယ်ခြင်းကို ခံနေရတယ်။ သင့်ရဲ့ သူငယ်ချင်းတွေထဲမှာ ကြိုးစားပြီး ညံ့နေတဲ့ သူတွေကို တွေ့ရင် ဖေးမကူညီ ဖြစ်ပါစေ။ ထိုသူတို့သည်က တကယ်လေးစား ထိုက်သော ကြိုးစားသူတွေထဲက လူတစ်မျိုးသာ ဖြစ်ပါတယ်။
တခါတလေမှာ အချစ်ဆိုတာ ကိုယ့်ဘက်က လေးနက်သွားခဲ့ရင် သူ့ဘက်က ပေါ့ပါးသွားတာပဲ ဖြစ်နိုင်မယ်ဆိုရင်ပေါ့ ကိုယ့်ဘက်က မပေါ့ မလေးပဲ ချစ်နေနိုင်မယ်ဆိုရင် သူ့ဘက်ကလဲ မပေါ့ မလေးပဲပြန်ချစ်လာနိုင်မှာပါ ဒါပေမဲ့ ကိုယ့်ဘက်ကအားကြီးမပေါ့သွားနဲ့ပေါ့

သေပျော်ပြီဟေ့

ဂုဏ်ယူပါတယ် u 19 ရေ ငါတို့ မသေခင် မြန်မာအသင်း ကမ္ဘာ့ဖလား ၀င်ပြိုင်တာကို လက်ခုပ်တီးပြီး အားပေးရပြီပေါ့ကွာ....

Sunday, September 28, 2014

မြန်မာ့ပညာရေးစပ်းသပ်မှာလား။ပြောင်းမှာလား

အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ် သင်ရိုးတွေ ပြုပြင်တဲ့အခါ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေတာတွေထဲက တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ အရင်ခေတ် အဆက်ဆက်ကလို စမ်းသပ်မှု တစ်ခုလား၊ တကယ်ပဲ ပညာရေး စနစ် အတွက် ထူးခြားတဲ့ အပြောင်းအလဲ တစ်ခုလား၊ လက်ရှိ မြန်မာ့အခြေခံ ပညာရေး စနစ် ဘာဖြစ်နေသလဲ၊ ဘယ်လို ပြောင်းလဲ သင့်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။ လက်ရှိ ပညာရေးစနစ်အကြောင်း ဝေဖန်မယ်ဆိုရင် ပြောဆိုဖို့ စကားလုံး ရှာမရလောက်အောင် ဆိုးရွားနေတယ် ဆိုတာနဲ့ပဲ စ ရပါလိမ့်မယ်။ အကြောင်းရင်းကတော့ တက္ကသိုလ် ၀င်တန်း အောင်သွားတဲ့ ကျောင်းသားအများစုဟာ သင်ရိုးတွေကို ကောင်းကောင်း တတ်မြောက်ခြင်း မရှိတာ၊ စာပေးစာယူနဲ့ ပုံမှန်ဘွဲ့ရသူ အများစုကြီးကတောင် အလယ်တန်း ပညာအဆင့်လောက် စာတတ်မြောက်ခြင်း မရှိတာ စတဲ့ အခြေအနေတွေ တွေ့ရမှာမို့ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် စာကောင်းကောင်း တတ်မြောက်မှု မရှိတာ၊ အရည်အချင်း မရှိတာ၊ အလယ်တန်း အဆင့်အထိ ကျရှုံးသူ မရှိ အ အောင်ပေးတဲ့ “စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးရေး စနစ်” ဆက်ပြီး ကျင့်သုံးနေတာ၊ အထက်တန်းကစ သင်ရိုးတွေ အားလုံးကို အင်္ဂလိပ်စာနဲ့ပဲ သင်ကြားစေတာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အလယ်တန်း အဆင့်ထိ ကျရှုံးသူမရှိ အတန်းတင်ပေးရေး စနစ် ကျင့်သုံးနေတာကြောင့် ကျောင်းသား ကျောင်းသူတွေဟာ သူ့ သက်ဆိုင်ရာ အတန်းရဲ့ သင်ရိုးတွေကို တတ်မြောက်သည် ဖြစ်စေ၊ မတတ်မြောက်သည်ဖြစ်စေ၊ သက်ဆိုင်ရာ ဆရာတွေက တာဝန်ယူစရာ မလိုတော့ပါဘူး။ ဒီလိုနည်းနဲ့ တစ်တန်းပြီး တစ်တန်းတက်၊ စာကောင်းကောင်း မတတ်ရင်လည်း လက်ခံရတဲ့ ဆရာ ဆရာမတွေက ဘာမှ လုပ်လို့ ကိုင်လို့ မရ၊ နောက် တစ်တန်း ထပ်ပြီး တင်ပေးလိုက်ရ၊ ဒီလိုနည်းနဲ့ ကျောင်းသားတွေဟာ အလယ်တန်း အောင်သူတွေ ဖြစ်လာကြတာပါ။ အထက်တန်း ရောက်တော့ ပြဿနာက အကြီးအကျယ် ပိုဆိုးသွားစေပါတယ်။ စာကောင်းကောင်း မတတ်တဲ့ ကလေးတွေဟာ မြန်မာစာ၊ ဘောဂဗေဒ၊ ပထ၀ီ သမိုင်း ပါတဲ့ ၀ိဇ္ဇာဘာသာတွဲက လွဲရင် ဘာသာရပ် အားလုံးကို အင်္ဂလိပ်လို သင်ရတော့တာပါပဲ။ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ သင်္ချာ အားလုံး အင်္ဂလိပ်လို သင်ရတာပါ။ သင်ပေးတဲ့ ဆရာ ဆရာမတွေကိုယ်တိုင် အင်္ဂလိပ်လို ကောင်းကောင်း မတတ်တာမို့ ကျောင်းသားတွေကို အင်္ဂလိပ်ဘာသာနဲ့ ဘာသာရပ်တွေကို တတ်မြောက်အောင် သင်ကြားပေးနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မကျတဲ့ အဲဒီ စနစ်နဲ့ပဲ ကျောင်းသူကျောင်းသားတွေဟာ ဘာသာရပ်ဆိုင်ရာ အားလုံးကို ဘာတစ်ခုမှ နားမလည်ပဲ အလွတ်ကျက်၊ ဆရာတွေကလည်း ဘသာရပ် တစ်ခုကို တတ်မြောက်အောင် သင်မယ့်အစား ဘာလေးတွေ ကျက်လိုက်ရင် စာမေးပွဲမှာ အောင်မှတ်တော့ ရနိုင်တယ် ဆိုပြီး စာမေးပွဲ ဖြေနည်း သင်ပေးတဲ့ စနစ်နဲ့ သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တက္ကသိုလ်ဝင်တန်းကို အောင်သာ အောင်လာကြရ၊ ဘာစာမှ မတတ်မြောက်သူတွေ ဖြစ်လာတာ လုံးဝ မဆန်းပါဘူး။ အခု ပညာရေး အာဏာပိုင်တွေဟာ အဲဒီ စနစ်ကို ပြင်ဖို့ ဟိုအရင် စနစ်ဟောင်းတုန်းက အတိုင်း ၄ တန်းနဲ့ ၈ တန်း အဆင့်ကို မြို့နယ်စစ်၊ ခရိုင်စစ်နဲ့ စာမေးပွဲတွေ စစ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမယ့် လက်တွေ့တော့ အကောင်အထည် ပေါ်မလာသေးပါဘူး။ လက်ရှိ အခြေခံပညာ အထက်တန်းက ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ကို မြန်မာလို သင်ရိုးတွေ ပြန်ရေး၊ မြန်မာလို ပြန်သင်ကြားဖို့ လုပ်လာတာကလည်း အဲဒီ ပြဿနာကို ကုစားဖို့ ဖြစ်နိုင်ပါတယ်။ ဒီလို ပြောင်းလဲခြင်းအားဖြင့် ဆရာတွေဟာ လက်ရှိ အခြေအနေထက် ပိုပြီး ပိုင်ပိုင်နိုင်နိုင် သင်ကြားလာနိုင်မှာ ဖြစ်သလို ကျောင်းသားတွေလည်း ဘာသာရပ်ဆိုင်ရာကို တကယ် တတ်မြောက်လာနိုင်ပါတယ်။ ဒါပေမယ့် အဲလို သင်ကြားတာကို တက္ကသိုလ် အဆင့်နဲ့ ဘယ်လို ချိတ်ဆက်မလဲ ဆိုတဲ့ ပြဿနာက ရှိနေပါသေးတယ်။ တကယ်တော့ မြန်မာ့ပညာရေးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမကြီး ဒေါက်တာ မြင့်မြင့်ခင် ပြောသလိုပဲ ဗုန်းဗုန်းကျ ပျက်စီးနေလေတော့ ဟိုနားနည်းနည်းပြင် ဒီနားနည်းနည်းပြင် လုပ်လို့ ရတာမျိုးတော့ မဟုတ်ပါဘူး။ အမြစ်ကစ မြေလှန်ပြောင်းလဲ ပြင်ဆင်ရမှာပါ။ ဒီလို ပြင်ဆင်ရာမှာ ရေရှည် အတွက် ပြင်တာတွေနဲ့ ရေတို အတွက် ပြင်ရမှာတွေရယ် ဆိုပြီး စနစ်တကျ စီမံကိန်း ရေးဆွဲဖို့ လိုပါတယ်။ ရေရှည် ပြင်ဖို့ ဆိုတာကတော့ ပညာရေးကို တိုင်းပြည်မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တွေနဲ့ တိတိကျကျ ချိတ်ဆက်ပေး၊ တိတိကျကျ ဖြည့်တင်းပေးနိုင်ဖို့ပါ။ နိုင်ငံက ဘယ်အဆင့် ရောက်နေသလဲ၊ နိုင်ငံမှာ ဘယ်လို အလုပ်အကိုင်တွေ လိုအပ်နေသလဲ၊ အဲဒီ အလုပ်အကိုင်တွေအတွက် ဘယ်လို ဘာသာရပ်တွေ တတ်မြောက်တဲ့ ပညာတတ်တွေ လိုချင်သလဲ ဆိုပြီး စနစ်တကျ စီမံကိန်းရေးဆွဲပြီး မွေးထုတ်ဖို့ပါ။ ဒုတိယ ကတော့ မြန်မာ့ပညာရေးကို နိုင်ငံတကာ ပညာရေးနဲ့ ချိတ်ဆက်ဖို့ပါ။ မြန်မာနိုင်ငံမှာ အလယ်တန်းအောင်ရင် နိုင်ငံတကာမှာ အထက်တန်း အဆင့် သွားတက်နိုင်အောင်၊ မြန်မာနိုင်ငံမှာ အထက်တန်းအောင်ရင် နိုင်ငံတကာက တက္ကသိုလ်တွေ တက်ခွင့်ရအောင် အဆင့်အထိ ရည်မှန်းချက်ထား အကောင်အထည် ဖော်ဖို့ လိုပါတယ်။ ဒါက ရေရှည် အတွက်ပါ။ ရေတိုအတွက်ကတော့ လက်ရှိ ပညာရေး ဌာနက ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေသလို ကျောင်းသားတွေဟာ ကိုယ်ရောက်တဲ့ အတန်းအလိုက် စာတတ်မြောက်မှု ရှိရအောင် စာမေးပွဲ စနစ် ပြန်ပြီး ကျင့်သုံးစေတာ၊ အထက်တန်း အဆင့် သိပ္ပံ ဘာသာတွဲတွေကို မြန်မာလို သင်ရိုး ပြန်ပြုစုပြီး မြန်မာလို သင်တာ၊ ဆရာ ဆရာမတွေ အရည်အချင်းမြှင့်တင်တာ၊ ဆရာအင်အားထဲမှာ အရည်အချင်းရှိတဲ့ ဆရာဆရာမတွေနဲ့ တဖြေးဖြေး အစားထိုး လဲလှယ်သွားတာ၊ စာမေးပွဲ စနစ် ပြုပြင်ပြောင်းလဲတာ စတာတွေ လုပ်ဖို့ လိုပါတယ်။ ဒါတွေကို လုပ်တဲ့အခါ အရင် ခေတ်အဆက်ဆက်က လုပ်ခဲ့သလို မကြာခဏ စမ်းသပ်တာမျိုး မဟုတ်ပဲ တကယ့် ရေရှည် စီမံကိန်းကြီးကို အထောက်အကူ ဖြစ်အောင် ပြုပြင်ပြောင်းလဲ အကောင်အထည် ဖော်တာမျိုး လုပ်ဖို့ လိုပါတယ်။ ဒါမှသာ တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးတဲ့ ပညာရေး စနစ်ဟာ အဓိပ္ပာယ်ရှိတဲ့ ပညာရေးစနစ် အဖြစ် ပေါ်ထွန်းလာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Saturday, September 27, 2014

သင်မကောင်းလည်းကျုပ်ကောင်းရမယ်

သင်မကောင်းလဲ ကျုပ်ကောင်းရမည်

 
မြန်မာပြည်ရဲ့ လက်ဘက်ရည်ဆိုင်နဲ့ အခြားသော အရောင်းအဝယ် ဆိုင်အချို့မှာ သင်ကောင်းလျှင် ကျန်ုပ်မဆိုးပါ။ သင်မကောင်းလည်း ကျုပ်မကောင်းပါ အစရှိသဖြင့် စာတန်း အမျိုးမျိုး ကပ်ထားတာကို တွေ့ရ ပါတယ်။ ယင်းကို ကြည့်ခြင်း ဟာဖြင့် ထိုသူတို့ဟာ မိမိရဲ့ ကောင်းမွန်စွာ ပြုမူဆက်ဆံမှု အပေါ်မှာ အခွင့်အရေး အယူခံရမှုများခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အမှန်တော့ ယင်းအတွက် တုံ့ပြန်ထားမှုကလည်း မကောင်းပါဘူး။ အမှန်စင်စစ်က သင်ကောင်းကောင်း မကောင်းကောင်း ကျုပ်ကောင်းရမည်သာ ဖြစ်ပါသည်။

လောကတွင် မှန်လို့ ပြုကျင့်ခြင်းက ကောင်းသည်ဟု ထင်သူများလည်း မှားသည်။ လောကတွင် အမြဲလူကောင်းနှင့် မတွေ့နိုင်၊ အမြဲ ပြုံးပြမည့်သူများနှင့် လည်း အမြဲ မတွေ့နိုင်၊ ငိုပြသူ၊ ရွဲ့ပြသူ၊ မုန်းသူ၊ များကို ပြန်ငို၊ ပြန်ရွဲ့၊ ပြန်မုန်း နေလျှင် မိမိကလည်း ထို လူတန်းစား များထဲတွင ပါဝင်သွားမည်သာ ဖြစ်သည်။ ဗုဒ္ဓ အလို ဆုံးမချက် အရ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာ တို့ဖြင့် ဘဝတွင် နေထိုင်အပ်ပြီး မည်သူများက ကိုယ့်အပေါ် ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ အကောင်းဆုံးသာ ပြန်လည် ပြုမူ ဆက်ဆံပေးရမည် ဖြစ်သည်။

ဥပမာ မိမိကို မုန်း၍ ဆဲရေး တိုင်းထွာနေသူ ကို မိမိက ချိုသာယဉ်ကျေးစွာ ပြန်လည် ဆက်ဆံပါက ထိုသူသည် သူ၏ အမူအရာ အတွက် ရှက်ရွံ့သွားပြီး ဆဲဆိုဆက်ဆံခြင်းကို ရပ်တန့်သွားပေ လိမ့်မည်။ ရန်ကို ရန်ဖြင့် တုံ့ပြန်နေခြင်း၊ မီးကို မီးဖြင့် တုံ့ပြန် နေခြင်းကြောင့် လောကတွင် စစ်ပွဲများ မပြီးအောင် ဖြစ်နေ၍ ကမ္ဘာကြီး ပျက်နေခြင်း ဖြစ်ပါသည်။

မိမိအပေါ် ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ မိမိက ကောင်းမွန်ဆာ ပြန်လည် ပြောဆို ဆက်ဆံ၊ ပြုမူရန် အထူးလိုအပ် ပါသည်။
.

ယောက်ျားတစ်ယောက်ရဲ့မာန်မာနတွေဟာ
သူတို့ရင်ထဲမှာစူးစူးနစ်နစ်ချစ်နေတဲ့မိန်းကလေး
ရဲ့ရှေ့မှာဒူးထောက်အရှုံးပေးလိုက်ရတယ်။
မိန်းမတစ်ယောက်ရဲ့မာန်မာနတွေဟာသူ့ကို
အရမ်းချစ်တဲ့ယောက်ျားလေးရဲ့ရှေ့မှာပိုပြီး
မောက်မာပြလာတယ်

Friday, September 26, 2014

တယ်လီနောကမန္တလေးမှာ ၂၇ရက်နေ့ စရောင်းမယ် တယ်လီနောမြန်မာမှ လာမယ့်စက်တင်ဘာလ ၂၇ ရက်ေ... http://www.facebook.com/newsKumudra/posts/704985016236828

Thursday, September 25, 2014

ဘာကြီးလဲမသိဘူး

အကြံပေးချက်

အသဲကွဲနေတယ်ဆိုရင်
အရက်ပြန်(sprit)
ဆေးနီရည်(betadine)
ထည့်လို့မရဘူး။
အကိုက်အခဲပျောက်ဆေး(paricetamo)
အနာကျက်ဆေး(amoicnoh)
ကီးမွတ်ရယ်
၃မျိုးတွဲသောက်လို့မရဘူး။
သင်အသဲကွဲနေတယ်ဆိုရင်
နောက်၁ယောက်ရှာမှသာ
အဆင်ပြေမှာ။်

Monday, September 22, 2014

ဒီလိုဆိုရင်ကောင်းမှာ

မြန်မာ့ငွေတွေမှာအမြဲတမ်းတွေ့နေရတာတော့တိရစ္ဆာန်ပုံတွေ
ချည်းပဲ။အခုအသစ်ထွက်လာတဲ့၅၀၀၀တန်ကလည်းဆင်ပုံနဲ့။
တို့နိုင်ငံမှာမြန်မာကသာမကကမ္ဘာကပါလေးစားတန်ဖိုးထားရ
တဲ့လူပုဂ္ဂိုလ်တွေရှိခဲ့ပါလျက်သူတို့ရဲ့ပုံတွေကိုငွေစက္ကူတွေမှာ
အဘယ်ကြောင့်မထည့်ကြသည်ကိုစဉ်းစားကြည့်ကြပါ........
                                            K.Z.Linn

Saturday, September 20, 2014

အဲ့ဒါ မြန်​မာ့ရဲ

ထင်သမျှတွေ ဆွဲ ဆွဲ ဆွဲ
မြင်သမျှတွေ လွဲ လွဲ လွဲ
တင်စရာမရှိရင် ဆဲပွဲနွှဲ
မည်းမည်းမည်း မည့် အထက်ကြောင့်
မျက်နှာလွှဲခဲပစ် အမြဲ​တော်​ကြတယ်
အဲ့ဒါ ဘယ်သူတဲ့လဲ...
အဲ့ဒါ မြန်မာရဲ....။

တစ်​ဒင်္ဂအချိန်

ဆန်း​ပေါင်​သဘာဝမို့
သို့​ပေ အမှန်​​ရောက်​​အောင်
ဆောင်​ကြစို့ တို့တ​တွေ။
အ​နေကြာရှည်​ ​ကောင်း​သော်​ပ
ဘ၀မှာ မ​သွေမယွင်း
စိတ်​တွင်းက မမှန်​။
ဖောက်​ပြန်​တဲ့ စာရိတ္တ
အချိန်​တို တစ်​ဒင်္ဂမှာ
ရာသီလို အသွင်​​ပြောင်းခဲ့။
မှားမယ့်​ အရာကြုံပြန်​​တော့
ပေါ့​လျော့တဲ့ သတိအမှား​ကြောင့်
နှောင့်​ယှက်​တဲ့ စိတ်​အယိမ်းကို
ထိန်းနိုင်​​စေမင်း။
ကံ့​ကော်​နီ သားဖြိုး​အောင်​ (ထာဝရ​နေသာ)

ငါးထောင်တန်အသစ်ပုံစံပါ